Event details
✨ NexQus x MIIT-Student Exclusive Private Webinar Successfully Completed ✨🎉
✨ NexQus x MIIT-Student Exclusive Private Webinar Successfully Completed ✨🎉
မနေ့က ပြုလုပ်ခဲ့တဲ့ "The Quantum Shift: Emerging Trends Cybersecurity Professionals Should Understand" webinar ကို Myanmar Institute of Information Technology (MIIT) မှ ကျောင်းသား၊ ကျောင်းသူများအတွက် Private Event အဖြစ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ 🎉 🎉 အချိန်ပေးပြီး စိတ်ပါဝင်စားစွာ တက်ရောက်ဆွေးနွေးခဲ့ကြတဲ့အတွက် NexQus မှ အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်။ ဒီ webinar ကို Singaporeကပထမဆုံး Quantum Network (NQSN+) ရဲ့ leading architect တစ်ဦးဖြစ်တဲ့ SpeQtral မှ Quantum Security Architect Mr. Cyril Tan ကနေပြီးတော့ knowledge sharing ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီ Session မှာ Quantum Technology ရဲ့ သမိုင်းကြောင်း၊ Classical Computing နဲ့ Quantum Computing တို့ရဲ့ အဓိကကွာခြားချက်များ၊ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း Quantum Technology တိုးတက်လာခဲ့ပုံတွေကို အခြေခံမှစတင်ပြီး ဆွေးနွေးသွားခဲ့ပါတယ်။ ဒါ့အပြင် Quantum Era ကို ဦးတည်လာနေတဲ့ Cybersecurity Landscape အပြောင်းအလဲများ၊ "Harvest Now, Decrypt Later" နှင့် "Trust Now, Forge Later" ကဲ့သို့သော လက်ရှိစိုးရိမ်စရာ အန္တရာယ်များ၊ Post-Quantum Cryptography ကို အခြေခံထားတဲ့ Kyber Ransomware နှင့် PQC Implementation များကို ပစ်မှတ်ထားသော Kyberslash Attack ကဲ့သို့သော နောက်ဆုံးပေါ် cyber attack များကိုလည်း လက်တွေ့ဥပမာများဖြင့် ရှင်းလင်းဆွေးနွေးပေးခဲ့ပါတယ်။ အဆိုပါ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်နိုင်ရန် Quantum Key Distribution (QKD) နှင့် Post-Quantum Cryptography (PQC) တို့ရဲ့ အားသာချက်များ၊ PQC & existing standards များ၊ Fibre-based နှင့် Satellite-based QKD ကို ပေါင်းစပ်အသုံးပြုတဲ့ Hybrid Approaches များအပြင် နိုင်ငံတကာမှာ Quantum-safe Infrastructure များ တည်ဆောက်နေတဲ့ လက်ရှိအခြေအနေတွေကိုလည်း မျှဝေပေးခဲ့ပါတယ်။ နောက်ဆုံးအနေနဲ့ Quantum Era ကို ကူးပြောင်းရာမှာ ကြုံတွေ့ရမယ့် Migration Challenges တို့ကို ဆွေးနွေးခဲ့ပြီး၊ ကျောင်းသူ/သားများအနေနဲ့ Quantum Cyber career အတွက် ဘယ်လို Prepare လုပ်ရမလဲဆိုတာတွေကိုပါ အသေးစိတ် sharing လုပ်ပေးခဲ့ပါတယ်။ ဒီ Session ဟာ Quantum Technology နဲ့ Quantum Cybersecurity ရဲ့ အရေးကြီးဆုံး concepts တွေအပြင် လက်ရှိ Industry Trends တွေကိုပါ ရှင်းပြပေးခဲ့တဲ့ session ဖြစ်လို့ တက်ရောက်ခဲ့ကြတဲ့ ကျောင်းသား/သူ များအတွက် foundation ကောင်းတစ်ခု ရရှိသွားမယ်လို့ ယုံကြည်ပါတယ်။ See you again ✨
