Event details

✨ NexQus First Knowledge Sharing Webinar Successfully Completed ✨

✨ NexQus First Knowledge Sharing Webinar Successfully Completed ✨
Event detail

✨ NexQus First Knowledge Sharing Webinar Successfully Completed ✨

4 Jun 2026 Anna Beata Kalisz Hedegaard

ဒီနေ့ပြုလုပ်ခဲ့တဲ့ "Quantum Computing as a Threat to Encryption" ဆိုတဲ့ Knowledge Sharing Webinar ကို အချိန်ပေးပြီး တက်ရောက်ပေးခဲ့ကြတဲ့ Participants တစ်ယောက်ချင်းစီတိုင်းကို NexQus ကနေပြီးတော့ အထူးကျေးဇူးတင်ရှိပါတယ်။ ▪️▪️▪️ ဒီနေ့ session မှာတော့ Quantum Computing ရဲ့ အခြေခံသဘောတရားတွေဖြစ်တဲ့ Superposition, Entanglement နဲ့ Interference တို့ကို အသုံးပြုပြီး Quantum computer တွေ ဘယ်လိုအလုပ်လုပ်လဲဆိုတာတွေ၊ နောက်ပြီး လက်ရှိ encryption systems တွေကို ခြိမ်းခြောက်နိုင်တဲ့ Shor’s Algorithm နဲ့ search engine ဖြစ်တဲ့ Grover’s Algorithm တို့ရဲ့ အလုပ်လုပ်ပုံတွေကိုလည်း လေ့လာမျှဝေခဲ့ပါတယ်။ Quantum Computing မှာ Qubit တစ်ခုကနေ Quantum Algorithms အထိ ဘယ်လို တစ်ဆင့်ချင်း build up လုပ်သွားသလဲဆိုတဲ့ “From Qubits to Algorithms” process ကိုလည်း ရှင်းပြသွားခဲ့တာကြောင့် single-qubit gates, multi-qubit gates, quantum circuits တွေကနေ algorithm level အထိ ဘယ်လိုဆက်စပ်သွားတယ်ဆိုတာကို လေ့လာခဲ့ပါတယ်။ ဒါ့အပြင် Quantum Processing Unit (QPU) architecture layers, quantum hardware တွေရဲ့ challenges တွေ၊ အထူးသဖြင့် large-scale quantum systems တွေမှာ တွေ့ရတဲ့ wiring bottlenecks နဲ့ superconducting qubits, silicon spin qubits တို့ရဲ့ ကွာခြားချက်တွေကိုပါ ဆွေးနွေးသွားခဲ့ပါတယ်။ ▪️▪️▪️ ဒီနေ့ Session လေးဟာ Quantum Computing ရဲ့ Fundamental Concepts တွေကို အဓိကထားပြီး ပြောသွားတာဖြစ်လို့ Quantum ကို စတင်လေ့လာချင်သူတွေအတွက် foundation ကောင်းကောင်းတစ်ခု ရရှိသွားမယ်လို့ ယုံကြည်ပါတယ်။ 🔥🔥နောက်ပိုင်းမှာ ဒီလို theory ပိုင်းတွေအပြင်၊ hands-on practical sessions တွေ၊ Detailed Tutorials တွေကိုပါ NexQus ကနေ အသေးစိတ် မျှဝေပေးသွားဦးမှာပါ။🔥🔥 နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ Knowledge Sharing webinars တွေ၊ tutorial Sessions တွေကို မလွတ်သွားရအောင် NexQus Page ကို Follow လုပ်ထားဖို့ မမေ့နဲ့နော်! See you again!✨